Friday, January 29, 2010

ွGtalk မှာ မသိရင်တော့ ဆရာလိုလို ဘာလိုလိုပေါ့။

ဒီနည်းကလေးကတော့ သူများတွေ ကိုယ့်စက်မှာ လာပြီးတော့ chat ကျတော့မယ်ဆိုရင် မ chat စေချင်လို့ပဲဖြစ်ဖြစ် ..ဘာပဲ ဖြစ်ဖြစ် သူ့အတွက်လည်း ရှာရဖွေရ ဖြစ်ပေါ့။
gtalk ကို run box ကနေခေါ်ပြီးတော့ သုံးတဲ့နည်းလေးပါ ... မသိရင်တော့ ဆရာလိုလို ဘာလိုလိုပေါ့ .
g talk ကို shortcut ထုတ် .. ပြီးရင် rename ဥပမာ .. hello ဆိုရင် hello ပေါ့ ..အဲဒီ နာမည်ကိုတော့ မှတ်ထားနော် ... အများကြီးသုံးချင်ရင်တော့ nomutex ရိုက်ထည့်ထားပေါ့ .. ပြီးရင်

C ကို ဖွင့်လိုက်ပါ ....ပြီးရင် window ဆိုတဲ့ file ကိုဖွင့် .. system 32 ကိုဖွင့် .. ပြီးရင် စောစောက hello shortcut ကလေးကို ထည့်ပေးလိုက်ပါ .. အဲဒါဆိုရင် run box ကနေပြီးတော့ hello လို့ရိုက်ထည့်လိုက် .. gtalk ကလေးပေါ်လာမှာပါ။

ကွန်ပျူတာကို ပုံမှန် ကလေး လုပ်ပေးသင့်တဲ့အချက်များမှာ

ကိုယ့် ကွန်ပျူတာကို မြန်အောင် လုပ်တဲ့ နေရာ မှာ software တွေ အကူ အညီနဲ့ မြန်အောင်လုပ်တာတွေ ရှိသလို regedit ပိုင်းတွေ ကနေပြီးတော့ ၀င်ပြင် လိုက် ပြီးတော့ မြန်အောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်...အခု ကျွန်တော် ပြောမယ့် နည်းလမ်းကလေးကတော့ ကွန်ပျူတာမှာ ပါ တာ ကလေး တွေ ကိုပဲ သုံးပြီးတော့ လုပ်တာပါ .. ရိုးရိုးလေး တွေ ချည်းပါပဲ ... အဲဒီ့ အချက်တွေကို မှန်မှန် ကလေး သာလုပ်ပေးပါ... ကိုယ့် ရဲက ကွန်ပျူတာ ကိုအဆင်ပြေပြေ သုံးရတာပေါ့ ..

၁။ disk cleanup ပြုလုပ်ခြင်း


disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ် ...ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့
disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ် ...
ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ် .. အဲဒီ့လို disk cleanup လုပ်
ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ် ... ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ ..ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆို
တာကလေးကို ရွေး ရမှာပါ .... ကျွန်တော့်  အနေနဲ့ ကတော့


temporary Internet files.
downloaded program files
Empty the Recycle Bin
Windows temporary files


အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ် ....


၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

ဒါကတော့ Disk fragment ကို လုပ်တာပါ ..Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နုငိပါတယ် .... Disk fragment လုပ်ထားမယ်ဆိုရင်
ကိုယ့် ကွန်ပျူတာမှာ ရှာချင်တာတွေ ရှိရင် အရင် ကထက်ပိုပြီးတော့ ရှာ နိုင်တာတို့ တခြား ဖိုင်တွေ ကနေပြီးတော့ မလိုတော့ဘူး ပြန်ထွက်တာတို့ဘာတို့ ဆိုရင် မီးလုံး လေး လှိမ်နေတာလေးတွေ
ဘာတွေ မြင်ဖူးမှာပါ .. အဲဒီလိုကလေးတွေမဖြစ်အောင်လည်း ဖြေရှင်းနိုင်ပါတယ်...ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ...disk defrag လုပ်တာကို လည်း ကျွန်တော်ဒီနေရာ
ကလေးမှာ bat fileကလေးနဲ့လုပ်တာကလေးကိုပြထားဖူးပါတယ်...ရိုးရိုးတမ်းတမ်းကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ် ...အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ.. ပြီးရင်တော့ fragment လုပ်လိုက်ပါ .. ရပါပြီ.. ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ် ... disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်... အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ် .. defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ် ခင်ဗျာ .....


၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း


အပေါ်မှာ ပြခဲ့တဲ့ disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။..အခု ကတော့ ကိုယ် အနေနဲ့ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေး
ပြီးတော့ ဖြေရှင်းတာပါ.. ကိုယ် ရဲက ကွန်ပျူတာမှာ ဆိုရင် Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ် ... Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေး စေ ပါတယ် ...နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ရဲ့ ကျန်းမာရေး ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာ မီးအကြာကြီးလင်းနေတာတွေ ဘာတွေဖြစ်လာ .. နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ် ... အဲဒါကြောင့် ကိုယ့် အနေနဲ့ စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ ... အဲဒါကို ဘယ် လို စစ်မလဲ .. Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ် ... အဲဒီမှာ ကိုယ့်အနေနဲ့ ဘယ် လို စစ်မလဲ .. ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ် ... တနေ့ကို တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ် .. ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ စောင့်နေရမယ် .. အဲဒီ့တော့ တစ်ပါတ် တစ်ခါလောက်ဆိုရင်တော့ သင့် တော်မယ်ထင်ပါတယ် ...ကဲ ဒါဆို Error Checking ကို ဘယ်လို ဖွင့်မလဲ.. အရင် ဆုံးဖွင့်ထားတာတွေ အားလုံးကို ပိတ်လိုက်ပါ.. ကွန်ပျူ တာပါဘူးနော် :D ... program တွေကို ပြောတာပါ... ဖွင့်ပြီးပြီဆိုရင်တော့ .

My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို R click ထောက်လိုက်ပါ..
ပြီးရင် properties ကို သွားလိုက်ပါ .. သွားပြီးပြီ ရောက်ပြီဆိုရင်တော့ ...
အဲဒီ့မယ် အဲဒီ့ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
ပြီးရင် Tool tab ကို သွားလိုက်ပါ ..
အဲဒီ့ ကို သွားလိုက်ပြီဆိုတာနဲ့ Error checking ဆိုတာကို တွေ့မှာပါ..တွေ့ ရင် Check Now ဆိုတာကလေးကို ပေးလိုက်ပါ...
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ် ..ပြီးရင်တော့
အဲဒါလေးထဲက Scan for and attempt recovery of bad sectors ဆိုတာကလေးကို Check ပေးလိုက်ပါ .. ပြီးရင်တော့ start ကို ပေးလိုက်ပါ ..
ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ် .. စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့ ..
.Automatically fix file system errors ဆိုတာကို တော့ ကိုယ့် ရဲ့ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ်ထင်ရင် ပေးထားလိုက်ပါ .. သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ် ။။။

၎ ။ အမှိုက် ရှင်းလင်း ခြင်း

အခု နည်းက တော့ ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေ ရာ တွေ ကို သွားပြီးတော့ ရှင်းတာပါ ...
အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက် လက် စေပါတယ် .. အောက်က နေရာကလေးတွေကို သွားရှင်းလိုက်ပါ ခင်ဗျာ..

ပထမဆုံး start => run ကို သွားလိုက်ပါ ..

ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ။box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

အခု အပေါ် က နည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ် .. ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင် ပြေ တာပေါ။

ကိုယ့် Computer ရဲ့ System ကို ကြည့်ကြည့်ရအောင်

ဒီနည်းကလေးကတော့ လွယ်လဲ လွယ်ပါတယ် .. အများသောအားဖြင့်သိကြပါတယ် .. ကိုယ် ကွန်ပျူတာမှာ ဘာ OS တင်ထားသလဲ .. ကိုယ်သုံးနေတာ ဘယ်နှနာရီ ရှိပြီလဲRam memory ဘယ်လောက်လဲ .. စသဖြင့်ပေါ့ .. အများကြီးပါပဲ ...ကြည့်ကြည့်လို့ရပါတယ် ။ အရင်ဆုံး Run box ကို ခေါ်လိုက်ပါ .. ပြီးရင်တော့ အဲဒီ့ အထဲမှာ CMD ကို ရိုက်လိုက်ပါ .. အဲဒါဆိုရင် command prompt ပေါ်လာပါလိမ့်မယ် .. အဲဒါကလေးထဲမှာမှ systeminfo ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။ကိုယ် ကွန်ပျူတာမှာ ဘာတွေ ရှိသလဲ ဆိုတာတွေကို ကြည့်လို့ရပါပြီ။

Window 7 Send feedback ဖျောက်မယ်ဆိုရင်


Window 7 သုံးရင် ကိုယ်ဖွင့်လိုက်တဲ့ window တစ်ခု ရဲ့ ညာဘက် အပေါ်ထောင့်နားလေးမှာ ပေါ်နေတဲ့ Send feedback ဆိုတာကလေးကို တွေ့ဖူးမှာပါ။ အဲဒါကို နှိပ်လိုက်ရင် ဘာတွေမှန်းလဲ မသိဘူး ပေါ်ပေါ်လာပါတယ်။ အဲဒါကြီးကို နှိပ်မိပြီးတော့ အလုပ်ရှုပ် မခံစေချင်ဘူးဆိုရင် အဲဒီ့ send feedback ဆိုတာကို ဖျောက်တာပါ။ အဲဒီ့ send feedback ကလည်း ဟိုအရင်က window 7 တွေ တော်တော်များများမှာပဲ ပါတာပါ. အခုနောက်ပိုင်း window တွေမှာတော့ ကျွန်တော်လည်း မတွေ့ပါဘူး ။ အလွယ်ဖျောက်မယ်ဆိုရင်တော့ ဒီနေရာကလေးက regedit Key ကလေးကို Download ချပြီးတော့ Run လိုက်ရုံပါပဲ .. ဒါပေမယ့် အဲဒီ Effect ကတော့ restart ချပြီးမှ ပဲ ပျောက်သွားတာပါ။ အဲဒီနည်းကလေးကတော့ Double click ကလေးနှိပ်လိုက်ရုံပါပဲ ။။
နောက်တစ်နည်းနဲ့ ဖျောက်မယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် Regedit ထဲကို ၀င်ပြီးတော့ ဖျောက်တာပါ။
ဖျောက်မယ် ဆိုရင်တော့
၁ ။ Start > Run > regedit ဆိုပြီးတော့ သွားလိုက်ပါ။ အဲဒီ့မှာ Registry Editor ပေါ်လာပါ့မယ် ။
၂ ။ ပြီးရင်တော့ ဒီလမ်းကြောင်းကလေးအတိုင်းသွားလိုက်ပါ။
HKEY_CURRENT_USER > Control Panel > Desktop
၃။အဲဒီ့လမ်းကြောင်းကလေးအတိုင်းရောက်ပြီဆိုရင်တော့ ညာဘက်က အကွက်ကလေးထဲမှာ FeedbackToolEnabled ဆိုတာကလေးကို ရှာလိုက်ပါ။
၎။ရှာလို့တွေ့ပြီဆိုရင်တော့ အဲဒါကို Double click ကလေးထောက်ပြီးတော့ Value ကို ( 0 ) ဆိုပြီးတော့တော့ပေးလိုက်ပါ။

Thursday, January 21, 2010

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊မဟာချုလာလောင်ကွန် ဗုဒ္ဒဘာသာတက္ကသိုလ်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊မဟာချုလာလောင်ကွန်ဗုဒ္ဒဘာသာတက္ကသိုလ်(သတိပြုရန်မှာချုလာလောင်ကွန်ဟုနာမည်ကွဲ ဆင်တူရှိသည် )တွင် ပညာသင်ကြားမည့် သံဃာတော်များသည် အမ်အေ(M।A . Buddhist Studies) အတွက် နှစ်စဉ် ဇန်န၀ါရီလမှသည် လမတ်လတွင်း လျှောက်လွှာဖောင်ပုံစံကို ထုတ်ပေးနေပါသည်။ အင်္ဂလိပ်မီဒီယမ်ဖြစ်၍ အင်္ဂလိပ်စာအရည်အချင်းကောင်မွန်ရမည်ဖြစ်ပါတယ်။ ၀င်ခွင်လျှောက်လွှာတစ်စောင်ကို ဘတ်ငွေ ၅၀၀ ဖြစ်ပါသည်။ တက္ကသိုလ်၏ တည်ရှိရာ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ဟောင်းအနီး၊ ၀ပ်နွိုင်အရပ်၊ တက္ကသိုလ်ဝင်းရှိကျောင်းခန်းတွင်ဖြစ်စေ၊မိမိနေထိုင်ရာနိုင်ငံရှိထိုင်းသံရုံတွင်ဖြစ်စေ၀င့်ခွင်လျှောက်လွှာဖောင်များကို မေးမြန်း၍ ဘတ် ၅၀၀ နှုန်းဖြင့် ၀ယ်ယူလျှောက်ထားနိုင်ပြီဖြစ်ပါသည်။

အင်္ဂလိပ်မီဒီယမ်ဘီအေ(B।A.Buddhisttudies)နှင့်ဘီအေ(ထိုင်းဘာသာ)အတွက်ဝင်ခွင့်လျှောက်လွှာပုံစံများကိုတော့ အနည်းငယ်နောက်ကျ၍ မတ်လမှ သည် မေလအထိ ၃ လအတွင်း ဖောင်များတွင် ဖော်ပြပါ နေရာဌာနတွင် စုံးစမ်ထုတ်ယူနိုင်ပါသည်။မြန်နိုင်ငံရှိထေရ၀ါဒတက္ကသိုလ်များကဲ့သိုပင်နိုင်ငံတကာမှသံဃာတော်များရော၊လူပုဂ္ဂိုလ်များပါလာရောက်သင်ယူသောမဟာချူလာဗုဒ္ဓတက္ကသိုလ်ပင်ဖြစ်ပါသည်။ ဘီအေ(B.A)၊အမ်အေ(M.A)၊ဒေါက်တာ(PhD)တန်းများကိုအင်္ဂလိပ်ဘာသာရပ်နှင့်ထိုင်းဘာသာရပ်နှစ်မျိုးတို့ဖြင့် သင်ပြပေးသည့်တက္ကသိုလ်ဖြစ်ပါသည်။စိတ်ပါဝင်စားသည့်ကျောင်းသားများသည်လက်ရှိတက်ရောက်ဆဲလျက်ရှိသောကျောင်းသားများမှတဆင့်ဖြစ်စေ၊ ဖော်ပြပါတက္ကသိုလ်ဝက်ဆိုက်တွင်ဖြစ်စေ အသေးစိတ်လမ်းကြောင်းများ ၀င်ရောက်ဖတ်ရှု မေးမြန်းနိုင်ပါသည်။ အလည်ဗီဇာဖြင့်ဘန်ကောက်သို့လာရောက်၍လည်းလျှောက်ထားနိုင်ပါသည်။ဘန်ကောက်ရှိမိမိသူငယ်ချင်းများမှတဆင့် ဖောင်များကို ထုတ်ယူစေပြီး စာတိုက်မှတဆင့် ပို့ပေးစေလိုလည်း ရနိုင်ပါသသည်။

ဒေါက်တာဘွဲ့ ( Ph।D) အတွက် အမိတက္ကသိုလ်က အမ်အေဘွဲ့ရများကို ဦးစားပေးပါသည်။ ဒေါက်တာဘွဲ့အတွက် ကျောင်းကစကောလာရှစ်မပေးပါ။အမ်အေ(M.A. Buddhist Studies) အတွက် စုစုပေါင်း ၄၈- ခရက်ဒင့် (48 Credits) ရှိသည်။One credit လျှင် ဘတ် ၁၅၀၀ ပေးရသည်။ ဘာသာရပ်တစ်ခုတွင် ပုံမှန် ၃ ခရဒစ်ရှိသည့်အတွက် စုစုပေါင်းတစ်ဘာသာဖီးကြေးမှာ ၄၅၀၀ ဘတ်ကျမည်ဖြစ်သည်။ ဘာသာအချို့တွင် ၂ ခရစ်ဒစ်သာရှိသည့်အတွက်ဖီးကြေး၃၀၀၀ဘတ်ပေးရလိမ်မည်ဖြစ်သည်။အမ်အေအတွက် စလောလာရှစ်အဆင့် သုံးမျိုးသုံးစားရှိပါသည်။
(၁) International Scholarship
(၂) Tuition Scholarship
(၃) Thesis Scholarship

သာသနာ့နွယ်ဝင်(သီလရှင်၊ ရဟန်းတော်) ကို ဦးစားပေးရွေးချယ်ပါသည်။

(၁) International Scholarship - ပထမတန်းစာ ပညာသင်ဆု (ခံစားခွင့် ဘတ် ၂၀၀.၀၀၀)

ကျောင်းဖီအခမဲ့အပြင်ရေ၊မီး၊စာရေးကိရိယာတန်ဖိုးများကိုကျောင်းသို့မိမိသုံးစွဲသည့်ဘောင်ချာများကိုသက်သေတင်ပြ၍ ထုတ်ယူနိုင်ပါသည်။ တစ်လလျှင်ပျမ်းမျှ( ဘတ် ၆၀၀၀ -၈၀၀၀ ကြား)။ ယခုဒေါ်လာပေါက်ဈေး ယူအစ်၁-ဒေါ်လာမှာ ထိုင်းဘတ် ၃၃ ဘတ်ဖြစ်သည်။ ကျောင်းဝင်ကြေး ဘတ် ၁၆၀၀၀ ခန့်ကို ကျောင်းသားတိုင်း ဇွန်လကျောင်းဖွင့်ချိန်တွင်မည်သူမဆိုပေးသွင်းရမည်ဖြစ်ပါသည်။စလောလာရှစ်အားလုံးသည်ပထမခြောက်လပတ်ဖြေပြီးခဲ့တဲ့ (GPA)ရလဒ်ပေါ်တွင်မူတည်၍ ဒုတိယ ခြောက်လပတ်မှ စတင်ခံစားခွင့် ရရှိမည်ဖြစ်သည်။

GPA ရလဒ်ပုံစံပြဇယား

(၁) A ---- Excellent ---------- 4.00
(၂) A- ---- Very Good -------3.67
(၃) B+ -------Good ----------- 3.33
----------------------------------------------
(၄) B ---------Pass ------------ 3.00
(၅) F -------------Fail -------------0

၁ မှ ၃ အထိသည် စကောလာရှစ်အတွက် မျှော်မှန်းလို့တော့ရနေပါပြီ။

အမှတ်စဉ် (၁) (၂) အဆင့်ရရှိသူများသည် ဒုတိယခြောက်ပတ်မှစတင်၍ အင်တာနေရှင်နယ် ပထမတန်း ပညာသင်ဆုအတွက်လျှောက်ထားနိုင်ပါသည်။

(၂ )Tuition Scholarship - ဒုတိယတန်းစား ပညာသင်ဆု (ခံစားခွင့် ဘတ် ၅၄.၀၀၀)

ပထမခြောက်လပတ်ဖြေပြီး၍GPA3.33အမှတ်ရရှိသူများသည်ဒုတိယခြောက်လပတ်မှစတင်၍ ကျောင်းကြေးအခမဲ့ခံစားခွင့်ရှိသည်။သို့သော်ကျောင်းမှ ရေ၊ မီး ၊ အထွေထွေစာရေးကိရိယာအသုံးစရိုက်အတွက် ခံစားခွင်လျှောက်ထားလို့ မရပေ။GPA 3.33 အောက်ရရှိသူများနှင့် ကျဆုံးများသည် ကျသည့်ဘာသာအတွက် ခရစ်ဒစ်ပေါ်မူတည်၍ ကျောင်းကြေးပေးသွင်းရမည်။ သာသာနာ့နွယ်ဝင်များအတွက် အောင်မှတ် 3.00 သာပုံမှန်ရရှိနေလျင်ကျောင်းကြေးထပ်မသွင်းရအောင်အကြောင်းပြစာ(RequestForm) တင်ပြနိုင်ခွင့်ရှိပါသည်။

(၃) Thesis Scholarship - တတိယတန်းစား ပညာသင်ဆု (ခံစားခွင့် ဘတ် ၂၅.၀၀၀)

ဒီတတိယတန်းစား ပညာသင်ဆုကတော့ ဘာသာရပ်အားလုံးကို ခြောက်လပတ်လေးပတ်(Two Year Courses) အတွင်း အဆင့် 3.33 အောက်အကျမရှိဘဲ သင်ယူသူဖြစ်လျင် ခံစားခွင့်ရှိတော့သည်သာ။
ဘီအေ( B.A ) အင်္ဂလိပ်ဘာသာ အတန်းတွင် semester ၁-ခုတွင် ထိုင်းဘတ်ငွေ ၈၀၀၀ ထောင်ခန့် ပေးသွင်းရသည်။တစ်နှစ်လျင်စုစုပေါင်း၁၆၀၀0သင်တန်းကြေးပေးကြရမည်ဖြစ်မည်။ ထိုင်းဘာသာဖြင့်တက်ရောက်လေ့လာသူအဖို့ကား တစ်နှစ်လျင် ၅၀၀၀ ဘတ်မျှသာကုန်ကျမည်ဖြစ်သည်။ ဘီအေတန်းတွင် စကောလားရှစ်မရှိပါ။
လျှောက်ထားလို့သူများအတွက် လိုအပ်ချက် (Requirements)
ဒေါက်တာ Ph.D အတွက် M.A ဘွဲ့လက်မှတ်၊အမှတ်စာရင်း၊ ပညာရေးထောက်ခံစာ၊ ကိုယ်ရေးအကျဉ်း ( ပညာရေးအတွေ့အကြုံပါဝင်စေ).

အမ်အေ ( M.A) အတွက်
ဘီအေ(B.A) ၊ ဘီအက်စီ(B.Sc) ဘွဲ့လက်မှတ်တစ်ခုခု၊ ပူးတွဲအမှတ်စာရင်း၊ ပညာရေးထောက်ခံစာ ၊ ပါတ်စပိုစ် ကိုယ်ရေးပါတဲ့မျက်နှာ၊ ခြောက်လအတွင်းရိုက်ထားတဲ့ ပါတ်စပို့ဆိုဒ် တစ်ပိုင်းပုံ နှစ်ပုံ၊

မြန်မာပြည်မှ ရဟန်းတော်များအထူးသတိပြုရန်မှာ
ပရိယတ္တိသာသနာ့ တက္ကသိုလများမှ ဘွဲ့လက်မှတ်အတွက် နိုထရီပြန်စရာမလို၊ အမှတ်စာရင်းသာတောင်းယူလာရမည်။ အစိုးရဓမ္မာစရိယဘွဲ့လက်မှတ်အတွက် နိုထရီပြန်ရမယ်။ အမှတ်စာရင်းတောင်းလာရမည်။ ပညာရေးထောက်ခံချက်မှန်ကန်ကြောင်းစာကို ၀င်ခွင့်လျှောက်လွှာတွင် တစ်ပါတည်းပါရှိသည်။
အဓိကမှာချင်တာကတော့အင်္ဂလိပ်စာကောင်းကောင်းမိမိနှင့်တစ်ပါးပါလာဖို့လိုပါသည်။

ဘီအေ (B.A)အတွက်
ဆယ်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ ပါတ်စပိုစ် ကိုယ်ရေးပါမျက်နှာစာ၊ ခြောက်လအောက်သက်တမ်းရှိ ပါတ်စပို့ဓာတ်ပုံ နှစ်ပုံ၊ ရဟန်းတော်များအတွက် ပထမကြီးတန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ (နိုထရီးပြန်ထားပါ)။

ခွင့်စာမေးပွဲစာမေးပွဲပုံစံ ( ၂) မျိုး

ပုံစံ(၁) အင်္ဂလိပ်စကားမပြောသောနိုင်ငံများမှ ကျောင်းသားများအတွက်
၁။ အထွေထွေအင်္ဂလိပ်စာ (General English )
၂။ အင်္ဂလိပ်ဘာသာရပ် ( English )
၃။ သုတအထွေထွေ ဗုဒ္ဓဘာသာအမေးအဖြေ (General Background of Buddhism)

ပုံစံ (၂) အင်္ဂလိပ်စကားပြောနိုင်ငံများမှ ကျောင်းသားများးအတွက်
၁။ သုတအထွေထွေ ဗုဒ္ဓဘာသာအမေးအဖြေ (General Background of Buddhism)
(စကားညှပ်။ ။ မျက်နှာလိုက်တယ်နော် :P)

မိမိနေထိုင်ရာနိုင်ငံကနေလျှောက်လွှာရှင်များသည်တက္ကသိုလ်သို့ဝင်ခွင့်လျှောက်လွှာများကိုမိမိသူငယ်ချင်းမှတစ်ဆင့်ဖြစ်စေ၊ ကိုယ်တိုင်စာတိုက်ကဖြစ်စေ ပေးပို့နိုင်ပါသည်။ အချက်အလက်ပြည့်စုံ၍ လက်ခံသူများဆီသို့ စာတိုက်မှ တစ်ဆင့် ဖြစ်စေ။ မိမိသူငယ်ချင်းမှဖြစ်စေ တက္ကသိုလ်က လက်ခံကျောင်း စာပေးပို့ပါသည်။ လက်ခံစာကို ထိုင်းသံရုံးကို ပြ၍ ကျောင်းသားဗီဇာအတွက် လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ (သံရုံးက ခရီးသွားဗီဇာပေးလိုက်လျင်တော့ ထိုင်းနိုင်ငံမှ ပြင်ပတစ်နိုင်ငံကိုထွက်၍ ကျောင်းသားဗီ
ဇာပြန်လျှောက်ထားရမည်)။

ထိုင်းနိုင်ငံတွင်နေသူများအတွက်

ဝင်ခွင့်လျှောက်လွှာပုံစံကို ဖြည့်စွက်၍ အောက်ပါလိပ်စာအတိုင်းလဲပဲ ပေးပို့ လျှောက်ထားနိုင်ပါသည်။

International M.A Programme Office
Room No.306, MCU ,
Wat Mahathat, Tha Phrachan
Bangkok 10200. Thailand
Tel/ Fax -02225-8686, Ext.137


ပြည်ပတွင်နေထိုင်သူများအတွက်

၁။ ဖြည့်စွက်ထားသော လျှောက်လွှာပုံစံများကို မူရင်း ဘွဲ့လက်မှတ်ပါတစ်ပါးတည်း ယူလာ၍ ကော်ပီ ဘွဲ့လက်မှတ်အထောက်အထား၊အမှတ်စာရင်း၊ ပါတ်စပို့စ် မိတ္တူ၊ ခြောက်လအတွင်းပါတ်စပို့စ် (၂ )ပုံ မိမိနေထိုင်ရာနိုင်ငံရှိထိုင်းသံရုံးတွင်လျှောက်လွှာတင်ပါ။ပညာရေးထောက်ခံချက်စာနှစ်စောင်နှင့်ပတ်သက်၍သိလိုသူများလည်းရှိပေလိမ့်မည်။ ၀င်ခွင့်လျှောက်လွှာပုံစံတွင်အချပ်ပိုစာရွက်နှစ်ရွက်ပါရှိပြီးဖြစ်သည်။ပညာရေးထောက်ခံစာရေးပေးသည့်ပညာရေးနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦးရဲ့လက်မှတ်ပါလျှင်ပြည့်စုံတော့သည်သာ။နေထိုင်ရေးအတွက်နေရာကတော့အခက်အခက်ဆုံးပင်ဖြစ်ပါသည်။ တက္ကသိုလ်က နေထိုင်ဖို့ တာဝန်လုံးဝမယူပါ။အချို့သောသူများက လက်တွေ့အမြင်ဖြင့်( ဒိဋ္ဌေန၀ါ) မဟုတ်ဘဲ အကြားဖြင့်သာ(သုတေန ၀ါ) လာရောက်ကြသည့်အတွက် များစွား ငွေကြေးများ ဆုံးပါးနစ်နာမှုရှိကြပါသည်။ ဆောက်လက်စကျောင်းအသစ်တွင်လည်းအားလုံးပြီးစီချင်းမရှိသေးသည့်အတွက်နေထိုင်စရာကိုတော့ရဟန်းတော်များကိုယ်တိုင် ရှာရသည့်တွက် အလွန်ဒုက္ခရောက်ရပေသည်။ ပညာရေးထက် နေရေးခက်၏ ဟုဆိုရမလိုဖြစ်နေပါတော့သည်။

အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ တက္ကသိုလ်ဝက်ဆိုဒ်တွင်ဖြစ်စေ၊
ဤကျောင်းသားဘလော့တွင်ဖြစ်စေ မေးမြန်းစုံးစမ်းနိုင်ပါသည်။

from this blog မှကူးယူသည် http://myanmarstudentmonks।blogspot.com

ကိုးကားချက်။
HANDBOOK (IMAP)
http://www.mcu.ac.th/En/index.php
http://inter.mcu.ac.th/En/major/major_index.php
http://myanmarstudentmonks.blogspot.com

Freedom ကို မြန်မာလို ပြင်ဆင်မှု ပြုပြီး ကျော်ခွကြပါစို့ .

ဒီနေ့တော့ မအားတဲ့ကြားထဲကနေ ကျွန်တော် ကြိုးစားပြီး တင်ပေး လိုက်ပါတယ် . လွယ်ပါတယ် . setting မှာကို မြန်မာလို ရေးထားတာပဲကို လွယ်တာပေါ့ အဟဟ . အောက်မှာ Freedom ကို တင်ထား ပေးပါတယ် . အရင်ဆုံး ဒေါင်းလိုက်ပါဦး . Freedom + Openvpn v1.6, v2.0.9, v2.1 ပေါင်းထည့်ထား ပေးပါတယ် . openvpn ကို version အဟောင်းကိုပါ ထည့်ပေးထားပါတယ် . လိုအပ်ရင် သုံးရတာ လွယ်ကူအောင်လို့ပါ . မြန်မာပြည်က freedom.net ကို ပိတ်ထားတယ်ထင်လို့ အိတ်သွန်ဖာမှောက် Download လုပ်ပြီး တင်ပေးလိုက်တာပါ .

ဒါလေးက လူတိုင်းအတွက် အရေးပါတော့ လုံးဝမသိသေးတဲ့ ညီ/ညီမများအတွက် ရည်ရွယ်ပါတယ် .

(၁) ရလာတဲ့ ဖိုင်ကို win rar နဲ့ ဖြေလိုက်ပါ . win rar မရှိသူများ ဒီမှာ Download လုပ်ယူပါ .. ဖိုင်ဖြေပြီးတာနဲ့ Download လုပ်လို့ရလာတဲ့ freedom နှင့် openvpn ကို install လုပ်ပါမယ် .
(၂) ပြီးတာနဲ့ freedom ကို run လိုက်ပါ . အောက်ပါအတိုင်း language ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့အထဲကမှ မြန်မာစာ ဆိုတာလေးကို double click နှိပ်လိုက်ပါ .
(၃) အဲ့မယ် ရေးထားတဲ့ သတ်မှတ်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို သေသေချာချာလိုက်ဖတ်လိုက်ပါ . လွယ်ပါတယ် . အဓိကက Account Information မှာ မိမိအပေါ်က လုပ်ခဲ့တဲ့ username နဲ့ password ကိုထည့်ပါ . Proxy Address နဲ့ proxy port ကို မှန်ကန်အောင်ဖြည့်ပါ . Nyinaymin

ကို့ကွန်ပျူတာမှာ မ၀င်စေချင်တဲ့ ဆိုက်တွေကို ဘယ်လိုပိတ်ထားမလဲ။

ဒါကတော့ ညီလေးတစ်ယောက် မေးထားတာပါ . သူ့ကွန်ပျူတာမှာ မဟုတ်တဲ့ဆိုက်တွေ ပေါ်ပေါ်နေတယ်ပြောတယ် . ညီမတွေ အမေတွေနဲ့ဆိုတော့ အဲ့ဒီ့ဆိုက်တွေက ထထ ပေါ်လာလို့ သူတို့ သုံးလို့မရဘူးလို့ပြောပါတယ် . အခုဟာက အလွယ်နည်းကိုပြောပြမှာ ဖြစ်ပါတယ် .. အဲ့လို ထထ ပြီးပေါ်လာတဲ့ ဆိုက်ကို ပိတ်ပစ်လိုက်ပါ . နောက်ထပ် ပေါ်လာတော့မှာမဟုတ်ပါဘူး .. နောက်ထပ်လဲ ထပ်ပြီးတော့ ရေးပေးပါဦးမယ် . အခုဟာက အမြန်နည်းပါ .

internet explorer နဲ့ ပိတ်နည်း
( 1) IE ကို ဖွင့်လိုက်ပါ .
( 2) Tools >> internet option >> security ကိုရွေးပေးလိုက်ပါ .
( 3) Restricted sites ဆိုတဲ့ အနီရောင် ကြက်ခြေခတ်လေးကို နှိပ်လိုက်ပါ .
( 4) ပြီးရင် သူ့ရဲ့ အောက်မှာ sites ဆိုတာရှိတယ် . အဲ့ကောင်လေးကို ဆက်ပြီး နှိပ်လိုက်ပါ
( 5) အဲ့မယ် ပေါ်လာတဲ့ အကွက်မှာ ကိုမလိုတဲ့ဆိုက်တွေကို ထည့်ပြီးတော့ add လိုက်ပါ . အဆင်ပြေပါစေဗျာ .

မကြည့်စေချင်တဲ့ ဆိုက်တွေကို ဘယ်လို ပိတ်ထားမလဲ . Nyinaymin

ဒီနေ့တော့ ကျွန်တော် မကြည့်စေချင်တဲ့ ၀ဘ်ဆိုက်တွေကို ပိတ်နည်းပြောပြပါ့မယ် . နဲနဲလေးကြိုးစားပြီးလုပ်ကြည့်ပါ လွယ်ပါတယ် .. ကဲအောက်ကအတိုင်းလုပ်ကြည့်လိုက်ပါ .

* (၁) C:>> WINDOWS >> SYSTEM32 >> DRIVERS >> ETC ကိုဖွင့်လိုက်ပါ .
* (၂) နောက်ဆုံးဖွင့်လိုက်တဲ့ ETC folder ထဲက HOSTS ဆိုတဲ့ ဖိုင်လေးကို right click ထောက်ပြီးတော့ Notepad နဲ့ဖွင့်လိုက်ပါ .
* Notepad ထဲမှာ အောက်ကပုံစံအတိုင်းတွေ့ရမှာပါ
# Copyright (c) 1993-1999 Microsoft Corp.
#
# This is a sample HOSTS file used by Microsoft TCP/IP for Windows.
#
# This file contains the mappings of IP addresses to host names. Each
# entry should be kept on an individual line. The IP address should
# be placed in the first column followed by the corresponding host name.
# The IP address and the host name should be separated by at least one
# space.
#
# Additionally, comments (such as these) may be inserted on individual
# lines or following the machine name denoted by a '#' symbol.
#
# For example:
#
# 102.54.94.97 rhino.acme.com # source server
# 38.25.63.10 x.acme.com # x client host

127.0.0.1 localhost
------------------------------------------------------------------------------
အဲ့ဒီ့မှာ အောက်ဆုံးက စာလုံးအနီနဲ့ ပြထားတဲ့ 127.0.0.1 localhost ဆိုတဲ့နေရာမှာ ကိုပိတ်ချင်တဲ့ website ကို ကောက်ထည့်ပေးလိုက်ပါ . ကျွန်တော့်ဆိုက်ကို ဥမာထားပြီး လုပ်ပြပါ့မယ် ..

127.0.0.1 nyinaymin.कॉम

127.0.0.1 www.nyinaymin.कॉम

127.0.0.1 nyinaymin.नेट

127.0.0.1 www.nyinaymin.net

အဲ့လိုရေးတဲ့နေရာမှာ တစ်ခုသတိထားပေးလိုက်ပါ . nyinaymin.com ကို ထည့်တာနဲ့မလုံလောက်ပါဘူး . www.nyinaymin.com လို့ပါ www. ကိုထည့်ပေးပါ . ဒါမှ ၀င်တဲ့သူက www. နဲ့ဝင်ဝင် www. မပါပဲ ၀င်ဝင် ၀င်လို့မရမှာပါ .. ကဲ ပိတ်ချင်တဲ့ဆိုက်တွေကို အကုန်သာ လိုက်ထည့်လိုက်ပါ .. ပြီးတာနဲ့ notepad ကို save လိုက်ပါ . ဘာညာသာရကာ မေးလာရင် ok ကိုပေးလိုက် . အဆင်ပြေကြပါစေဗျာ ..

စက်ထဲက program တွေကို တစ်ခြားသူ သုံးမရအောင် password ဘယ်လိုပေးထားမလဲ

ကဲ ကျွန်တော်တို့ အနေနဲ့ မိမိ တင်ထားတဲ့ program တွေကို တစ်ခြားသူ မသုံးစေချင် ဘူးဆိုရင် ဘာလုပ်ကြမလဲ လွယ်လွယ်လေးပါ ဒီကောင်လေး သုံးပြီးတော့ password ပေးပြီး သော့ခတ် ထားလိုက်ပါ password မမှန်သရွေ့ ပွင့်မှာမဟုတ်ဘူး စိတ်ချ။ လုပ်နည်းက လွယ်ပါတယ် .

* start >> program ကို သွား မိမိတင်ထားတဲ့ program ကို ဥပမာ photoshop ဆိုရင် Photoshop shortcut လေးကို right click ပေးပြီး password protect ပေးလိုက်ပါ . password ပေးတဲ့နေရာမှာ နှစ်ခါ ရိုက်ထည့် ပေးရပါတယ် . အဲ့ဒီ့ နှစ်ခု တူပါစေ . မဟုတ်ရင် အဆင်မပြေပါဘူး .
* အဲ့လို ရိုက်တဲ့အခါ error ပေါ်လာတတ်ပါတယ် . ဘာမှ စဉ်းစားမနေပါနဲ့ အဲ့လိုပေါ်လာတယ်ဆိုရင် အဲ့ဒီ့ program က ဖွင့်ထားပြီးသား မို့လို့ . သူက သော့ခတ်မရတာ .

* Task manager (ctrl+alt+delete) ကို ခေါ်လိုက်ပါ .
* processes ကို ရွေးပြီး အထဲမှာ photoshop।exe ဆိုတဲ့ ဖိုင်လေးပွင့်နေတာကို တွေ့ရမှာပါ . အဲ့လိုတွေ့တာနဲ့ သူ့ကို click တစ်ချက်နှပ်ပြီး end process ပေးလိုက်ပါ . အဲ့ဒါဆိုရင်တော့ password ပေးလို့ရသွားပါပြီ . အဆင်မပြေတဲ့သူများအတွက် ဓါတ်ပုံနဲ့ ကျွန်တော် တင်ပေးပါဦးမယ် . အခုတော့ အလုပ်က အရမ်းများနေသေးလို့ ညပိုင်းလောက် ဖြစ်မယ်ထင်တယ်။ Nyinaymin

Philosophies and Philosophers on the land

In the history of Korean philosophy, Yi Ih (Yulgok) of the 16th century paid most attention to the cause of national consensus. National consensus is something gained only through harmonizing public opinions, which however must not be confused with ideological struggle. In other words, a national consensus should not be achieved through coercion or seduction. In Yi's theory this national consensus in its true sense would not be attained if the true voice of dissent was stifled in favor of blind assent. Yi insisted that this national consensus should follow the dictates of changing situations. According to his theory, national consensus was the vitality of the state and he declared that survival of the kingdom depended on whether this public opinion or national consensus could be achieved. Yi Ih made a clear distinction between national consensus and demagoguery. He held that demagoguery, once started, shakes the foundation of the kingdom if it is not checked in time, and soon becomes beyond any control. Public resentment is directly attributed to misrule by the leadership. The ruler should take the voice of the subjects seriously. Any act of reform should have the sole purpose of bettering the life of the people. Injustice will not be eliminated if corrupt officials escape reform. Further to the Yi Ih's theory, Po U, a Buddhist philosopher, advocated the Unitary Theory of Ilchongron in which he identified intellect with heart. According to his philosophy, the body of man must be identified with the body of the universe. By the same token, the heart of man is the heart of the universe, the vitality of man is the vitality governing the universe. Hence, heaven should be considered the same as man, and vice versa. The emergence of the Tonghak philosophy in later Chos n dynasty, which followed these assertions, was significant for it was based on the theory that man was equal to heaven, and that he should be served as heaven is to be feared. Ch'oe Haew l (1829-1898) further enriched the argument and claim that as man is heaven and heaven is equal to man. According to Ch'oe's theory, the two concepts could not be considered separately and there should be no distinction as to class or origin. By A Portrait of Yi Ih (Yulgok, 1536-1584)

Thursday, January 14, 2010

ကွန်ပျူတာကို keyboard မသုံး mouse မသုံးပဲ microphone နဲ့ အိပ်နေရင်း ကွန်ပျူတာကို ကိုင်တွယ်အသုံးပြုနိုင်

window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် .

အသုံးပြုနည်း

* (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
* (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
* (၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင်
* Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .
* (၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် .


Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ် အခုလောက်ဆို

ဒုတိယအဆင့်အသံစမ်းမယ် .

* (၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .
* (၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .
* (၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ .
* (၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ
* (၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ
* (၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . မနက်ကျရင် ကျွန်တော် movie နဲ့ပြန်ရှင်းပြပါ့မယ် . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ from Nyinaymin

Thursday, January 7, 2010

Laptop အကြောင်း

- Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှုမရှိပါဘူး။
တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ
ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။

အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ် ထားပြီး
ဖြစ်ပါတယ်။
ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။
ဒီ function တွေဟာ power management တွေမှာ
ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။

- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။
မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။

- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။
အောက်ဘက်က fan တွေအတွက်အပေါ်ဘက်ကနေပြီး လေဝင်၊
လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။
Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။
Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။

- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။
ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။
Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge),
EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။

မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့အဒီLaptopရဲ့ board Driver Cd လေးပါယူဆောင်ကျစေချင်တယ်॥။
နောက်တစ်ခါ Window တင်တဲ့အခါမှာ အခက်အခဲ တစ်ခုဖြစ်နေတယ်...။
Driver Bkup software တွေရှိပေမဲ့ အကောင်းဆုံးက မိမိlaptop ရဲ့ Driver Cd လေးတော့ သိမ်းထားကြပါ...။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို Service လုပ်တဲ့သူတွေ အခက်အခဲ တွေ့လို့ပါ....။
ရှာပေးလို့လုပ်ပေးလို့တော့ ရပါတယ်..ဒါပေမဲ့ Fix သိပ်မဖြစ်လို့ပါ... ။