Window 7 သုံးရင် ကိုယ်ဖွင့်လိုက်တဲ့ window တစ်ခု ရဲ့ ညာဘက် အပေါ်ထောင့်နားလေးမှာ ပေါ်နေတဲ့ Send feedback ဆိုတာကလေးကို တွေ့ဖူးမှာပါ။ အဲဒါကို နှိပ်လိုက်ရင် ဘာတွေမှန်းလဲ မသိဘူး ပေါ်ပေါ်လာပါတယ်။ အဲဒါကြီးကို နှိပ်မိပြီးတော့ အလုပ်ရှုပ် မခံစေချင်ဘူးဆိုရင် အဲဒီ့ send feedback ဆိုတာကို ဖျောက်တာပါ။ အဲဒီ့ send feedback ကလည်း ဟိုအရင်က window 7 တွေ တော်တော်များများမှာပဲ ပါတာပါ. အခုနောက်ပိုင်း window တွေမှာတော့ ကျွန်တော်လည်း မတွေ့ပါဘူး ။ အလွယ်ဖျောက်မယ်ဆိုရင်တော့ ဒီနေရာကလေးက regedit Key ကလေးကို Download ချပြီးတော့ Run လိုက်ရုံပါပဲ .. ဒါပေမယ့် အဲဒီ Effect ကတော့ restart ချပြီးမှ ပဲ ပျောက်သွားတာပါ။ အဲဒီနည်းကလေးကတော့ Double click ကလေးနှိပ်လိုက်ရုံပါပဲ ။။
နောက်တစ်နည်းနဲ့ ဖျောက်မယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် Regedit ထဲကို ၀င်ပြီးတော့ ဖျောက်တာပါ။
ဖျောက်မယ် ဆိုရင်တော့
၁ ။ Start > Run > regedit ဆိုပြီးတော့ သွားလိုက်ပါ။ အဲဒီ့မှာ Registry Editor ပေါ်လာပါ့မယ် ။
၂ ။ ပြီးရင်တော့ ဒီလမ်းကြောင်းကလေးအတိုင်းသွားလိုက်ပါ။
HKEY_CURRENT_USER > Control Panel > Desktop
၃။အဲဒီ့လမ်းကြောင်းကလေးအတိုင်းရောက်ပြီဆိုရင်တော့ ညာဘက်က အကွက်ကလေးထဲမှာ FeedbackToolEnabled ဆိုတာကလေးကို ရှာလိုက်ပါ။
၎။ရှာလို့တွေ့ပြီဆိုရင်တော့ အဲဒါကို Double click ကလေးထောက်ပြီးတော့ Value ကို ( 0 ) ဆိုပြီးတော့တော့ပေးလိုက်ပါ။

No comments:
Post a Comment